Ultimate BattleStrike

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Indie Developer တွေ လက်စွမ်းပြထားတဲ့ Action Shooter Game လေးဖြစ်ပြီး Story Campaign ပုံစံနဲ့ Cutscene တွေကစ အပီပြင် ဖန်တီးထားတာမလို့ Size နည်းနည်းလေးနဲ့ တကယ်ကို သဘောကျစရာပါ။ New York ကို Russia Gang တွေ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း မြေအောက်စစ်ဆင်ရေးကနေ အထူးတပ်ဖွဲ့ဝင်အနေနဲ့ အပြတ်ရှင်းရမှာဖြစ်ပြီး ကံဆိုးခြင်တော့ လမ်းမှာတင် မိုင်းခွဲခံလိုက်ရပါတယ်။ အဖွဲ့ဝင်တွေ အကုန်ဆုံးရှုံးလိုက်ရတာမလို့ ဒီ Mission ဟာ သင့်အတွက် တကိုယ်တော်စစ်ဆင်ရေးဖြစ်လာခဲ့ပြီး Russia တွေကို အပီပြင် တိုက်ထုတ်နိုင်မလားဆိုတာ သိခြင်ရင်တော့ ကိုယ်တိုင်ဘဲဆော့ကြည့်တော့နော်။
[- Review -]

Gameplay က တကယ်ကို Control ကစ သဘောကျစရာကောင်းပြီး Solo တွယ်ရမှာမလို့ တကယ်မိုက်ပါတယ်။ မင်မင်ထင်တာမမှားဘူးဆိုရင် Mobile ရဲ့ FPS Game တွေမှာ သာမန် Developer တွေကစ Story Campaign ကို အားစိုက်လာကြတာ တွေ့ရတယ်။ အရင်ကလည်း Battle Ops တို့လို Game မျိုးတွေ ဆော့ဖူးရင်တော့ ရိပ်မိလောက် ကြမှာဖြစ်ပြီး အခု Game ကလည်း Chapter Complete မဖြစ်သေးပေမယ့် Update တွေမှာ Multiplayer Mode တွေပါ ပါလာမယ်လို့ ကြေငြာထားပါတယ်။
အမှန်တိုင်းပြောရရင် Playstore က ပုံတွေမြင်ပြီး ဒီ Game ကို ဂျင်းလို့တောင် ထင်သွားနိုင်တာပါ။ ဘာကြောင့်မှန်းမသိပေမယ့် အခုလို မထင်ထားတဲ့ Game လေးတွေက တကယ်ကောင်းနေတတ်တာကိုတော့ တစ်ခါလေကြရင် လက်ခံပေးရမှာဘဲ။ အဲဒါကြောင့် မင်မင်တောင် တစ်ခါလေ သူတို့ပြထားတဲ့ image တွေကို သိပ်ဂရုမစိုက်တော့ဘဲ ကိုယ်တိုင်စမ်းကြည့်တာများတယ်။ ဒါပေမယ့် Page မှာ တင်ရင်တော့ အကုန် In Game SS တွေဘဲ ထည့်ပေးတာမလို့ ဂျင်းမိမှာမျိုးတွေကို Fan တွေက စိတ်ပူစရာမလိုပါဘူး။ Size နည်းပေးမယ့် အခုလို Game ကောင်းလေးတွေ ရှိနေသေးတယ်ဆိုတာကို သိစေခြင်တယ်။

Game Information

Android version 4 . 4 +
Developer The Occess Pvt Ltd
Network Offline
Price Free
App version 1.3
Release date 15.11.2021

Download Link

Type Size Link

Playstore

100 MB

Download

Apkcombo

 

81 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = 7 / 10 ) ⭐

#HELLOYDB

Related Posts

  • Ocean Is Home Island Life Simulator•            ဒီ Game လေးက ထွက်လာတာ ၁ ပတ်ကျော်ဘဲရှိသေးပြီး အရင်က Ocean is Home Survival Island ဆ်ိုပြီး အတော်များများဆော့ဖူးကြမှာပါ။ အလွယ်ပြောရရင် အရင်က Game က Ocean Is Home 1 အခုက … Read More
  • BattleOps•          မနေ့ကမှ Release လုပ်လာတဲ့ ဒီ Game လေး FPS သမားတွေတွက် အရမ်းကိုသဘောကျစေမှာပါ။ အရင်လို Story Mission မပါတဲ့ တစ်သတ်မှတ်ထဲ Game တွေလိုမဟုတ်ဘဲ Chapter အလိုက် ဇာတ်လမ်းသွားပုံစ… Read More
  • The Sun Origin•          နေ ဆိုတာ လူတွေရှင်သန်ဖို့တွက် မရှိမဖြစ် အလင်းရောင်ပေးနေတဲ့ အရာဝတ္ထုကြီးတစ်ခုဆိုပေမယ့် သူရဲ့ မျက်နှာပြင်မှာ ဘီလီရံနဲ့ချီတဲ့ ပေါက်ကွဲမှုတွေဟာ သံလိုက်လိုင်းတွေနဲ့အတူ စက္ကန်… Read More
  • World War Z•           ဒီ Game က အတော်ကြာပြီဖြစ်သလို အများစုသိထားကြတာက World War Z ဆိုတာ Movie နဲ့ 2019 လောက်က ထွက်ထားတဲ့ PC Game လောက်ဘဲ အများစု သိထားကြတာပါ။ တကယ်တော့ ဒီ Mobile က World War Z… Read More
  • Call Of Duty Strike Team•             ဒီ GAME လေးက အတော်ကြာပြီဖြစ်သလို တစ်ချိန်က အရမ်းဆော့ကောင်းခဲ့တဲ့ Game လေးဆိုလဲ မမှားပါဘူး။ Call Of Duty ကို လူတိုင်းသိထားကြပေမယ့် ဒီ Mobile ပေါ်ထုတ်ထားတဲ့ Strike Team… Read More

Comments

လူကြည့်အများဆုံး GAMES