Ultimate BattleStrike

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Indie Developer တွေ လက်စွမ်းပြထားတဲ့ Action Shooter Game လေးဖြစ်ပြီး Story Campaign ပုံစံနဲ့ Cutscene တွေကစ အပီပြင် ဖန်တီးထားတာမလို့ Size နည်းနည်းလေးနဲ့ တကယ်ကို သဘောကျစရာပါ။ New York ကို Russia Gang တွေ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း မြေအောက်စစ်ဆင်ရေးကနေ အထူးတပ်ဖွဲ့ဝင်အနေနဲ့ အပြတ်ရှင်းရမှာဖြစ်ပြီး ကံဆိုးခြင်တော့ လမ်းမှာတင် မိုင်းခွဲခံလိုက်ရပါတယ်။ အဖွဲ့ဝင်တွေ အကုန်ဆုံးရှုံးလိုက်ရတာမလို့ ဒီ Mission ဟာ သင့်အတွက် တကိုယ်တော်စစ်ဆင်ရေးဖြစ်လာခဲ့ပြီး Russia တွေကို အပီပြင် တိုက်ထုတ်နိုင်မလားဆိုတာ သိခြင်ရင်တော့ ကိုယ်တိုင်ဘဲဆော့ကြည့်တော့နော်။
[- Review -]

Gameplay က တကယ်ကို Control ကစ သဘောကျစရာကောင်းပြီး Solo တွယ်ရမှာမလို့ တကယ်မိုက်ပါတယ်။ မင်မင်ထင်တာမမှားဘူးဆိုရင် Mobile ရဲ့ FPS Game တွေမှာ သာမန် Developer တွေကစ Story Campaign ကို အားစိုက်လာကြတာ တွေ့ရတယ်။ အရင်ကလည်း Battle Ops တို့လို Game မျိုးတွေ ဆော့ဖူးရင်တော့ ရိပ်မိလောက် ကြမှာဖြစ်ပြီး အခု Game ကလည်း Chapter Complete မဖြစ်သေးပေမယ့် Update တွေမှာ Multiplayer Mode တွေပါ ပါလာမယ်လို့ ကြေငြာထားပါတယ်။
အမှန်တိုင်းပြောရရင် Playstore က ပုံတွေမြင်ပြီး ဒီ Game ကို ဂျင်းလို့တောင် ထင်သွားနိုင်တာပါ။ ဘာကြောင့်မှန်းမသိပေမယ့် အခုလို မထင်ထားတဲ့ Game လေးတွေက တကယ်ကောင်းနေတတ်တာကိုတော့ တစ်ခါလေကြရင် လက်ခံပေးရမှာဘဲ။ အဲဒါကြောင့် မင်မင်တောင် တစ်ခါလေ သူတို့ပြထားတဲ့ image တွေကို သိပ်ဂရုမစိုက်တော့ဘဲ ကိုယ်တိုင်စမ်းကြည့်တာများတယ်။ ဒါပေမယ့် Page မှာ တင်ရင်တော့ အကုန် In Game SS တွေဘဲ ထည့်ပေးတာမလို့ ဂျင်းမိမှာမျိုးတွေကို Fan တွေက စိတ်ပူစရာမလိုပါဘူး။ Size နည်းပေးမယ့် အခုလို Game ကောင်းလေးတွေ ရှိနေသေးတယ်ဆိုတာကို သိစေခြင်တယ်။

Game Information

Android version 4 . 4 +
Developer The Occess Pvt Ltd
Network Offline
Price Free
App version 1.3
Release date 15.11.2021

Download Link

Type Size Link

Playstore

100 MB

Download

Apkcombo

 

81 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = 7 / 10 ) ⭐

#HELLOYDB

Related Posts

  • Just Don't Scream ° ဒီတစ်ခါ အပျင်းပြေစေမယ့် ထူးထူးခြားခြားဂိမ်းလေးကတော့ အော်မိတာနဲ့ တန်းသေစေမယ့် ဂိမ်းလေးတစ်ခုပါ။ ဟုတ်ပါတယ် အသတ်ခံရမှာမဟုတ်ဘဲ အခြောက်ခံရမှာဖြစ်တာကြ… Read More
  • WHM  အရမ်းကြီး သဘောကျတဲ့အထဲမှာတော့ မပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက ဒီဂိမ်းကို ထုတ်တဲ့ Developer က အခုမှ တက်သစ်စ တစ်ယောက် လက်တည့်စမ်းထားသလိုမျိုးတော့ ခံစားမ… Read More
  • Matrix Fire ◤Counter Strike အဆော့များတဲ့ သူတွေအတွက် ဒီနေ့ အသစ်ထွက်လာတဲ့ ဂိမ်းလေးက စမ်းကိုစမ်းဆော့ကြည့်သင့်တဲ့ထဲမှာ ပါဝင်ပါတယ်။ အခုမှ Beta အဆင့်အနေနဲ့ Release လုပ်ပ… Read More
  • ARK Ultimate Mobile Edition ထင်ထားတာထက် စောစောထွက်လာတဲ့ ဂိမ်း‌အသစ်လေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ Ark: Ultimate Mobile Edition လေးဖြစ်ပြီး Mobile အတွက်ကတော့… Read More
  • The Fall ° ဒီနှစ် 2023 ရဲ့ ပွဲဦးထွက် Mobile Game တွေကတော့ တကယ် အားရစရာကောင်းလောက်အောင်ကို အကောင်းစားတွေကြီး ထွက်လာတာပါ။ အခု The Fall ဆိုတဲ့ ဂိမ်းကလည်း မင်မင်ဆော့ဖူးသမျှ Mo… Read More

Comments

လူကြည့်အများဆုံး GAMES