Ultimate BattleStrike

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Indie Developer တွေ လက်စွမ်းပြထားတဲ့ Action Shooter Game လေးဖြစ်ပြီး Story Campaign ပုံစံနဲ့ Cutscene တွေကစ အပီပြင် ဖန်တီးထားတာမလို့ Size နည်းနည်းလေးနဲ့ တကယ်ကို သဘောကျစရာပါ။ New York ကို Russia Gang တွေ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း မြေအောက်စစ်ဆင်ရေးကနေ အထူးတပ်ဖွဲ့ဝင်အနေနဲ့ အပြတ်ရှင်းရမှာဖြစ်ပြီး ကံဆိုးခြင်တော့ လမ်းမှာတင် မိုင်းခွဲခံလိုက်ရပါတယ်။ အဖွဲ့ဝင်တွေ အကုန်ဆုံးရှုံးလိုက်ရတာမလို့ ဒီ Mission ဟာ သင့်အတွက် တကိုယ်တော်စစ်ဆင်ရေးဖြစ်လာခဲ့ပြီး Russia တွေကို အပီပြင် တိုက်ထုတ်နိုင်မလားဆိုတာ သိခြင်ရင်တော့ ကိုယ်တိုင်ဘဲဆော့ကြည့်တော့နော်။
[- Review -]

Gameplay က တကယ်ကို Control ကစ သဘောကျစရာကောင်းပြီး Solo တွယ်ရမှာမလို့ တကယ်မိုက်ပါတယ်။ မင်မင်ထင်တာမမှားဘူးဆိုရင် Mobile ရဲ့ FPS Game တွေမှာ သာမန် Developer တွေကစ Story Campaign ကို အားစိုက်လာကြတာ တွေ့ရတယ်။ အရင်ကလည်း Battle Ops တို့လို Game မျိုးတွေ ဆော့ဖူးရင်တော့ ရိပ်မိလောက် ကြမှာဖြစ်ပြီး အခု Game ကလည်း Chapter Complete မဖြစ်သေးပေမယ့် Update တွေမှာ Multiplayer Mode တွေပါ ပါလာမယ်လို့ ကြေငြာထားပါတယ်။
အမှန်တိုင်းပြောရရင် Playstore က ပုံတွေမြင်ပြီး ဒီ Game ကို ဂျင်းလို့တောင် ထင်သွားနိုင်တာပါ။ ဘာကြောင့်မှန်းမသိပေမယ့် အခုလို မထင်ထားတဲ့ Game လေးတွေက တကယ်ကောင်းနေတတ်တာကိုတော့ တစ်ခါလေကြရင် လက်ခံပေးရမှာဘဲ။ အဲဒါကြောင့် မင်မင်တောင် တစ်ခါလေ သူတို့ပြထားတဲ့ image တွေကို သိပ်ဂရုမစိုက်တော့ဘဲ ကိုယ်တိုင်စမ်းကြည့်တာများတယ်။ ဒါပေမယ့် Page မှာ တင်ရင်တော့ အကုန် In Game SS တွေဘဲ ထည့်ပေးတာမလို့ ဂျင်းမိမှာမျိုးတွေကို Fan တွေက စိတ်ပူစရာမလိုပါဘူး။ Size နည်းပေးမယ့် အခုလို Game ကောင်းလေးတွေ ရှိနေသေးတယ်ဆိုတာကို သိစေခြင်တယ်။

Game Information

Android version 4 . 4 +
Developer The Occess Pvt Ltd
Network Offline
Price Free
App version 1.3
Release date 15.11.2021

Download Link

Type Size Link

Playstore

100 MB

Download

Apkcombo

 

81 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = 7 / 10 ) ⭐

#HELLOYDB

Related Posts

  • Fighting Tiger Libera ° ငယ်ငယ်က Mobile ပေါ်မှာ အရူးအမူး ဆော့ခဲ့ရတဲ့ Fighting Action ဂိမ်းတစ်ခုကိုပြောပါဆိုရင် ဒီဂိမ်းလေးက Nostalgia အဖြစ်ဆုံးလို့ ပြောရမှာပါ။ ကောင်မလေးကို ကယ်‌ဖို့အတွက်… Read More
  • The Secret Elevator Remastered ° ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ ထူးထူးခြား ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး အိမ်မက်နဲ့ ပတ်သက်ဆက်နွယ်နေတာမလို့ အရမ်းစိတ်ဝင်စား… Read More
  • Panmorphia Enchanted ° ဒီတစ်ခါဂိမ်းလေးကတော့ မကြာသေးခင်ကမှ တင်ပေးထားတဲ့ Panmorphia ရဲ့ အဆက်ဖြစ်ပြီး ပထမဂိမ်း မဆော့ရသေးရင်တောင် အဆင်ပြေပြေ ကစားလို့ရပါတယ်။ ဒါပေမယ့် အရှေ့က ဂိမ်းကို သိထား… Read More
  • Typoman Remastered ° ဒီဂိမ်းလေးက တကယ်ကို တခြားဂိမ်းတွေထက်ကို ပိုပြီး ဗဟုသုတကြွယ်ဝစေမယ့်အပြင် ကစားရတာကစ Unique ဆန်ဆန်လေးနဲ့ စိတ်ဝင်စားစရာကောင်းတာပါ။ အမှန်တိုင်းပြောရရင် ဒီလိုဂိမ်းမျိ… Read More
  • Who Killed The Girl ° English Puzzle တွေကြီးဘဲ ဆော့နေရတာ များနေတော့ တစ်ခါတလေ ပြည်တွင်းဖြစ် ပဟေဠိ ဂိမ်းလေးတွေကိုလည်း ကစားချင်မိကြမှာပါ။ ဒါဆိုရင်တော့ အခုဂိမ်းလေးဟာ မြန်မာပြည်အခြေစိုက် … Read More

Comments

လူကြည့်အများဆုံး GAMES